ပုဏ္ဏားကျွန်း အခြေစိုက် ခမရ (၅၅၀) မှ ကျူးလွန်သော စစ်ရာဇဝတ်မှု


(၀၃.၀၄.၂၀) ရက်နေ့ (၀၇း၂၀) နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် အခြေစိုက် ခမရ (၅၅၀) မှ ပစ်ခတ်သော လက်နက်ကြီးကျည် အစထိမှန်၍ လက်ဝဲစာတိုက်ကျေးရွာနေ ဦးစိုးနိုင်ဝင်း (ဘ) ဦးမောင်ဆန်းခင်တွင် ဘယ်ဖက် ပုခုံးအောက်၌ ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် လက်ဝဲစာတိုက်ကျေးရွာသို့ သွားလာရေးလမ်းကြောင်းများကို မြန်မာ့တပ်မတော်မှ ပိတ်ဆို့ထားပြီး ရွာသား (၇) ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းကျေးရွာမှ အမည်မဖော်လိုသူ တဦးက AASYC သို့ပြောသည်။
ဤဗွီဒီယိုမှာ စစ်တွေဆေးရုံကြီး၌ ဆေးကုသခြင်းခံယူနေသော ဦးစိုးနိုင်ဝင်းအား AASYC မှသွားရောက်ပြီး ဖြစ်စဉ်အား မှတ်တမ်းတင် အင်တာဗျူးခဲ့ခြင်း ဖြစ်ပါသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)