ရခိုင်ပြည်တွင်း လက်ရှိဖြစ်ပေါ်နေသော ကမန်ကျောင်းသားများ၏ ပညာသင်ကြားခွင့်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန် ကြေငြာချက်

June 14, 2022 AASYC 0

(၂၀၂၂ – ၂၀၂၃) ပညာသင်နှစ်အတွက် ဇွန်လ (၂) ရက်နေ့မှ စတင်၍ ရခိုင်ပြည်၌ အခြေခံပညာသင် ကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပို့ချမှုများ စတင်နေပြီဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင် ကျေးရွာ၊ သင်္ဂနကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် နေထိုင်သော ကမန်ကျောင်းသားများအနေဖြင့် ပညာသင်ကြားရန် အခွင့်အလမ်းများအား ငြင်းပယ်ခံထားရကြောင်း ကြားသိရသည်။

ရခိုင်ကျောင်းသား (၄) ဦးအား မတရားဖမ်းဆီး ထောင်ချမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

September 18, 2021 AASYC 0

၁။ ရခိုင်ပြည်၌ဖြစ်ပွါးခဲ့သော လက်နက်ကိုင်ပဋိပက္ခများအတွင်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုရှိခဲ့သည့် အပေါ်တွင် မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တာဝန်ယူရန် တောင်းဆိုဆန္ဒပြခဲ့ကြသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ကို (၁၉.၁၀.၂၀) ရက်နေ့ တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြု လုပ်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခဲ့ကာ (၁၁) လကြာ ဖမ်းဆီးထားခဲ့ပြီး (၁၆.၀၉.၂၁) ရက်နေ့တွင် ထောင်ဒဏ် (၂)နှစ်နှင့် (၆)လ ချမှတ်ခဲ့ခြင်းအား မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကန့်ကွက်ရှုတ်ချလိုက်သည်။

No Image

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းမှုအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာချက်

April 19, 2021 AASYC 0

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းမှုအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာချက် နေ့စွဲ – ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၉) ရက်။ အမှတ် – ရ၊က၊လ၊စ/ဗဟို/ထုတ်ပြန်/၀၂/၂၀၂၁။ ၁။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ဖွဲ့စည်းလိုက် Read More

မြန်မာ့တပ်မတော်မှ နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူခြင်းအပေါ် ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

February 10, 2021 AASYC 0

၁။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သန္ဓေတည်စေခဲ့သည့် ဗမာစစ်အုပ်စု၏ လမ်းပြမြေပုံ (၇) ဆင့်အား အဆင့်တိုင်းတွင် ဆန့်ကျင်တိုက်ဖျက်ခဲ့သည်။ ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံနှင့် စင်ပြိုင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ နှင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးဖြစ်စဉ်များတွင်လည်း တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သည်။ ထိုလှုပ်ရှားမှုများမှမှ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့သည့် အဆင့်ထိ ရောက်ရှိခဲ့သည်။ ဗမာစစ်အုပ်စု၏ (၂၀၀၈) ဖွဲ့စည်းပုံအတည်ပြုရေး ဖြစ်စဉ်တွင် နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုလည်း သမိုင်းဝင် “Vote No Campaign” လှုပ်ရှားမှုဖြင့် တိုက်ပွဲဝင်ခဲ့သည်။ ထိုမျှမက (၉၀) ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအောက်သို့ဝင်လျှင် (၀ါ) ရွှေဂုံတိုင်ကြေငြာချက်မှ နောက်တလှမ်းဆုတ်၍ ရပ်တည်လျှင် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးများတွင် ပေးဆပ်စွန့်လွှတ်ခဲ့ကြသူများအား သစ္စာဖောက်ရာရောက်ကြောင်းလည်း သတိပေးခဲ့ သည်။

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင် နာယကကြီး ဦးခိုင်စိုး ကွယ်လွန်အနိစ္စရောက်ခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ

September 24, 2020 AASYC 0

နေ့စွဲ – ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင်နာယက၊ ရခိုင့်ဝါရင့်တော်လှန် ရေးသမားကြီး ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ မူဝါဒရေးရာပဲ့ကိုင်ကော်မတီ ဥက္ကဋ္ဌ၊ (၁၉၈၆) ခုနှစ် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP) ၏ မင်းပြားမြို့သိမ်းတိုက်ပွဲအား Read More

1 2 3