ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များအား AASYC မှသုံးသပ်တင်ပြခြင်း

ဇူလိုင် (၁၈)၊ ၂၀၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်း ကော် မတီ၏ လေ့လာတွေ့ရှိချက်နှင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ အသီးသီးမှ သဘော ထားမှတ်ချက်အစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ တင်သွင်းခဲ့ သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အဖွဲ့ဝင်နိုင်ငံရေးပါတီများတဖွဲ့ချင်းစီ၏ လေ့လာတွေ့ရှိချက်နှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ ၏ လေ့လာတွေ့ရှိချက်များကို မည်သည့် အဖွဲ့အစည်းက မည်သည့်အခန်းတွင် အချက်ပေါင်း မည်မျှတွေ့ရှိခဲ့သလဲ စသည့်အချက် အလက်များကို ပြည်သူလူထုများ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်အတွက် အင်္ဂလိပ်၊မြန်မာ (၂) ဘာသာဖြင့် Info graphics ပုံများတွက်ချက်ပြီး တင်ပေးလိုက်ပါ သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီ၏ အစီရင်ခံစာရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီ (၁၃) ခုနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များမှ အဆိုတင်သွင်းခဲ့သော လေ့လာတွေ့ရှိခဲ့သော ပြင်ဆင်ရန်အချက်စုစုပေါင်း (၃၇၆၅) ချက်ဖြစ်သည်။ ၎င်း (၃၇၆၅) အချက်အနက် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ (၁၁၁၂) ချက်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ (၈၅၈) ချက်ဖြင့် ဒုတိယအများဆုံးနှင့် မွန်အမျိုးသားပါတီ (MNP) အနေဖြင့် (၆၄၁) ချက်ဖြင့် တတိယအများဆုံးဖြစ်သည်။ လက်ရှိအစိုးရတာဝန်ကိုယူထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေဖြင့်စုစုပေါင်း (၁၁၄) ချက်သာလေ့လာတွေ့ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားတာကိုတွေ့ရပါသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁၅) ခန်းတွင် ပုဒ်မကြီး၊ပုဒ်မငယ် အချက် စုစုပေါင်း (၁၅၅၀) ချက်ပါရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီမှ ထို (၁၅၅၀) ချက်အနက် (၁၂၂၅) ချက်ကိုပြင်ဆင်ရန်အတွက်လေ့လာတွေ့ရှိခဲ့ပြီး ပြင်ဆင်ရန်လိုအပ်သော အချက်များကို ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်လျင် ၇၉% ရှိပြီး ပြင်ဆင်ရန်မလိုအပ်သော အချက်မှာ (၃၂၅) ချက်ဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့် လျှင် ၂၁% ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ၏ အစီရင်ခံစာအရ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း (၁၅) ခုထဲမှ အများဆုံး ပြင်ဆင်ရမည့် အချက်များမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် (၃) ခုတို့ဖြစ်ပြီး ဗမာမဟုတ်သောတိုင်းရင်း သား နိုင်ငံရေးပါတီများမှ လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထက်ပို၍ ပြင်ဆင်ရန်အချက်များ များပြားနေတာကို တွေ့ရှိရပါသည်။

တပ်မတော်အစုအဖွဲ့အနေဖြင့်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး ပူးပေါင်း ကော်မတီသည် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီဟု အကြောင်းပြကာ အဆိုပါကော်မတီသို့ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မည်သည့် သဘောထား မှတ်ချက်များ ပေးပို့ထားသည်ကိုမတွေ့ရပေ။

ဖွဲ့စည်းပုံအခြေဥပဒေ ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်အတွက် နိုင်ငံရေးပါတီအသီးသီးမှ လေ့လာတွေ့ရှိချက်များအား အောက်ပါ Links များတွင် ရယူနိုင်ပါသည်။

Comparison ( Burmese ) Total ( Eng ) Total ( E ) Total ( Burmese) Total ( B) Political Parties (Eng) Political Parties (E) Political Parties (Burmese) Political Parties (B) All Parties (Eng) All Parties (Burmese) ZCD ZCD (Eng) USDP USDP (Eng) TNP TNP (Eng) SNLD SNLD (Eng) PNO PNO (Eng) NUP- NUP (Eng) NUDP NUDP (Eng) NLD NLD (Eng) MNP MNP (Eng) LNDP LNDP (Eng) KSDP KSDP (Eng) KDUP KDUP (Eng) Independent Independent (Eng) ANP ANP (Eng) Comparison ( Eng )