၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ မေလအထိ (၆) လအတွင်း ရခိုင်ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

ရက်စွဲ။ ၁၀.၀၇.၂၀၁၉

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ မေလ အထိ (၆) လအတွင်းမြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့ ဖြစ်ပွားခဲ့သော လက်နက် ကိုင်ပဋိပက္ခ(တိုက်ပွဲ)များကြား အရပ်ဘက်ပစ်မှတ်များထိခိုက်မှုကြောင့် ပြည်သူများထိခိုက် သေကြေခြင်းအခြေအနေနှင့် လူ့ အခွင့်အရေးချိုးဖောက်ခံရမှုများအား ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် စာရင်းပြုစုဖော်ပြလိုက်ပါသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့  ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲများကြား လူ့အခွင့်အရေးချိုးဖောက်မှုများကို ရခိုင်ပြည်တွင်းမြို့ နယ်များဖြစ်သော မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ စစ်တွေမြို့နယ်၊ မင်းပြားမြို့နယ် ၊မြေပုံမြို့နယ်၊ အမ်းမြို့နယ်၊ ပလက်ဝမြို့နယ်အစရှိသော မြို့နယ်(၁၁)မြို့နှင့် ဗမာပြည်မမှ ပြည်မြို့နယ်၊ ပုသိမ်မြို့နယ်တို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစရှိသော မြို့နယ် (၃) မြို့နယ် အပါအဝင်စုစုပေါင်း (၁၄) မြို့နယ်တို့ တွင် လူ့အခွင့်အရေးချိုးဖောက် မှုများဖြစ်ပွားခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ အဆိုပါ မြို့နယ် (၁၄) မြို့နယ်၌ လူ့အခွင့်အရေှး ချိုးဖောက်မှုအမျိုးအစား (၉) မျိုးအား တွေရှိရပါသည်။

အဆိုပါချိုးဖောက်မှုအမျိုးအစား (၉) မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်ခြင်း (Arbitrary/ Illegal Arrest/ Detention)                                                                                                                        ၂။ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို သိမ်းယူခြင်း၊ ဖျက်ဆီးခြင်း (Confiscation/ Destruction of Property)
၃။ အတင်းအဓမ္မစေခိုင်းခြင်း (Forced Labor)
၎။ အတင်းအဓမ္မရွှေ့ပြောင်းခြင်း (Forced Relocation)
၅။ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လူမဆန်စွာ နာကြင်စေအောင် ပြုမူခြင်း (Torture)
၆။ သတ်ဖြတ်ခြင်း (Killing)
၇။ လွတ်လပ်စွာသွားလာခွင့်ကိုတားဆီးခြင်း (Obstruction of Freedom of Movement)
၈။ အစအနပျောက်ဆုံးခြင်း (Disappearance)
၉။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တားဆီးခြင်း (Obstruction of Freedom of Expression/Freedom of Speech) တို့ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၁၉ ခုနှစ်၊ မေလအထိ (၆) လတာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုစုစုပေါင်း (၁၉၅) အမှုတို့ရှိခဲ့ပြီး အရပ်သားပြည်သူ (၃၃၀၀၀)ခန့် အထိ ထိခိုက်သက်ရောက်မှုရှိခဲ့သည်ကိုတွေ့ ရှိရပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဆန်းစစ်ကြည့်ရာ အချိန်ကာလအားဖြင့် ၂၀၁၉ ခုနှစ် မတ်လ အားလည်းကောင်း ၊ နေရာဒေသအားဖြင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တို့အားလည်းကောင်း လူ့အခွင့်အရေးချိုးဖောက်မှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်ကို တွေ့ ရှိရပါသည်။ အဆိုပါလူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်သည့်အဖွဲ့အစည်းများအဖြစ် (၁) မြန်မာ့တပ်မတော်၊ (၂) အစိုးရ ၊ (၃) ရက္ခိုင့်တပ်တော် (ULA/AA)၊ (၄) အမည်မသိအဖွဲ့အစည်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ULA-AA) တို့တိုက်ပွဲကြား (၅) ARSA တို့ ပါဝင်ကျူးလွန်သည်ကို လေ့လာဆန်းစစ်တွေ့ရှိရပါသည်။

မိမိတို့စာရင်းပြုစုချက်အရ အရပ်ဘက်ပစ်မှတ်များအား ထိခိုက်မှုများကို ရခိုင်ပြည်တွင်း မြို့နယ်များဖြစ်သော ပုဏ္ဍားကျွန်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ အမ်းမြို့နယ်၊ ရသေ့တောင်မြို့နယ် နှင့် မောင်တောမြို့နယ်အစရှိသောမြို့နယ် (၇) မြို့နယ်တို့ တွင် ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မြို့နယ် (၇) မြို့ နယ်အတွင်း ထိခိုက်မှုအမျိုးအစားများအဖြစ်
(၁) လက်နက်ကြီးကျည်မတော်တဆထိမှု (Artillery Shelling)
(၂ ) မြေမြုပ်မိုင်းထိမှု (Land Mines)
(၃) လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှု (Aerial Attack)
(၄) မိုင်း/ဗုံးသီး မတော်တဆပေါက်ကွဲမှု (Unexploreded Ordance)
အစရှိသည်တို့ကြောင့် အရပ်သားပြည်သူထိခိုက်ခြင်း (၂၉) မှုရှိခဲ့ပြီး လူဦးရေအားဖြင့် (၇၆) ဦးတို့ အား ထိခိုက်၊ သေဆုံးမှုတို့ကို ဖြစ်ပေါ်စေခဲ့သည်ကို တွေ့ ရှိခဲ့ရပါသည်။

အောက်ပါ Links များတွင် download ရယူနိုင်ပါသည်။

Township Categories ( Eng ) Township Categories ( Burmese ) Perpetrator (Burmese)  Month Categories ( Burmese )

HRV Map (Burmese) HRV Map (Eng) PY Map (Burmese) PY Map (Eng) YG & PT Map (Burmese) YG & PT Map (Eng)

Monthly ( Eng ) Monthly (Burmese) Township ( Burmese) Township (Eng)