မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်သဖြင့် သေဆုံး၊ ဒဏ်ရာရသူများ

၂၀၂၀၊ စက်တင်ဘာ (၈) ရက်၊

(၀၈.၀၉.၂၀) ရက်နေ့၊ (၀၉း၃၀) နာရီတွင် ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ ညောင်ကန်ကျေးရွာထဲသို့ အမ်းမြို့နယ်၊ ကျောက်ဆည်တောင်၌ တပ်စွဲထားသည့် အစိုးရတပ်မတော်မှ လက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများစာရင်းဖြစ်ပါသည်။

သေဆုံးသူအမည်စာရင်း

၁။ ဒေါ်မိုးသဇင်၊ အသက် (၂၉) နှစ်(ဘ) ဦးချမ်း၊ (မူလတန်းပြဆရာမ)
ဝဲဘက်ပါးပြင်အနောက်မှ ယာဘက်ပါးပြင်အထိ တိုးကျိုပေါက်ဒဏ်ရာ၊
ယာဘက်ချိုင်းမှ ပခုံးထိပေါက်ပြဲဒဏ်ရာ(၁) ချက် (ယာဘက်လက်မောင်းရိုးကျိုး)
ယာဘက်ဒူးခေါင်းတွင် ဘယ်မှညာသို့ ထိုးလျိုပေါက်ဖောက်ဝင်ဒဏ်ရာ (၁) ချက်
၂။ မသူသူဟိန်း၊ အသက်(၇) နှစ် (ဘ) ဦးလင်းဝင်းကျော်
(ဒေါ်မိုးသဇင်၏ သမီးဖြစ်သည်)
၃။မောင်သူရအောင်၊ အသက် (၇) နှစ်(ဘ) ဦးဖြူသိန်းချေနှင့်
၎။ မောင်ချမ်းငြိမ်းသူ၊ အသက် (၂၂) နှစ် (ဘ) ဦးမောင်သိန်းတင်
တို့ဖြစ်သည်။

ဒဏ်ရာရရှိသူအမည်စာရင်း

၁။ မနှင်းယုလှိုင်၊ အသက်(၂) နှစ်(ဘ) ဦးမောင်ဖြူသီ
(ဦးခေါင်းနောက်စေ့တွင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်)
၂။ ဦးချမ်းနု၊ အသက်(၆၂) နှစ် (ဘ) ဦးလှချမ်းသာ
(ဝဲဘက်လက်မောင်းနှင့် ဝဲဘက်ခြေဖနှောင့်တွင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ)
၃။ မောင်မောင်ထွန်း၊ အသက် (၄၀) နှစ်(ဘ) ဦးသိန်းထွန်း
(ဝဲဘက်လက်မောင်းတွင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်)
၎။ ဦးလှရွှေမောင်၊ အသက် (၃၅) နှစ် (ဘ) ဦးင/လုံးချေ
(ဝဲဘက်နားရွက်တွင် စုတ်ပြဲဒဏ်ရာ ၁ ချက်)
၅။ မဇင်မာ၊ အသက် (၂၅) နှစ်(ဘ) ဦးင/လုံးချေ
(ဝဲဘက်ရင်အုံနှင့် ဝဲဘက်ခြေသလုံးတွင် ပေါက်ပြဲဒဏ်ရာများ)
၆။ မောင်အောင်ဖြိုးခန့်၊ အသက်(၇) နှစ်(ဘ) ဦးအောင်မြင့်
(ဝဲဘက်လက်မောင်း၊ ဝဲဘက်ရင်ဘတ်၊ ဝဲဘက်ပေါင်ရင်းတွင် ပေါက်ပြဲဒဏ်ရာများ)
၇။ ဒေါ်လှခင်ညွှန့်၊ အသက် (၆၃) နှစ်(ဘ) ဦးလှစောမောင်
(ဝဲဘက်တင်ပါးတွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်)
၈။ ဒေါ်မလှ၊ အသက် (၅၆) နှစ် (ဘ) ဦးကျော်ဖြူ
(ဝဲဘက်ပေါင်တွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်)
၉။ မထက်ထက်ခင်၊ အသက်(၁၄) နှစ်(ဘ) ဦးမောင်သိန်းနု
(ဝဲဘက်လက်မောင်းတွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်)
၁၀။ မောင်စိုးဝင်းထွန်း၊ အသက် (၁၈) နှစ်(ဘ) ဦးမောင်မောင်သန်း
(နောက်ကျောတွင် ပွန်းရှဒဏ်ရာ)
၁၁။ ဒေါ်ဗြတ်မ၊ အသက် (၆၀) နှစ်(ဘ) ဦးလှစောမောင်
(ယာဘက်ဒူးတွင်ပွန်းဒဏ်ရာ) တို့ဖြစ်ပြီး
ထိုအထဲမှ ဦးခေါင်းနောက်စေ့တွင် ဒဏ်ရာရရှိထားသည့် မနှင်းယုလှိုင်သည် အခြေအနေဆိုးရွားနေသဖြင့် ရွေ့ပြောင်းရန် အဆင်မပြေသောကြောင့် မြေပုံမြို့၊ ကမ်းထောင့်ကြီးဆေးရုံ၌ အရေးပေါ်ကုသလျက်ရှိသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)