အစိုးရစစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံနေရသူ ကျောက်တန်းရွာသား (၈)ဦးသေဆုံးကာ၊ ဒေသခံအများအပြား ဒဏ်ရာအပြင်းအထန်ရရှိ

မေလ (၂) ရက်၊ (၂၀၁၉) ခုနှစ်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ဆေးနေခြင်းဖြစ်ပြီး မေလ (၂) ရက်နေ့ထိ မြန်မာ့တပ်မတော်မှ (ULA/AA) နှင့်ဆက်စပ်မှု ရှိ/မရှိ စစ်ဆေးမေးမြန်နေစဉ် ပစ်ခတ်မှုကြောင့် (၈) ဦးသေဆုံးကာ ရွာသား(၈) ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ကျောက်တန်းကျေးရွာရှိ အိမ်ထောင်စု (၄၇၇) စုအား အိမ်ထောင်စုစာရင်းနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အသက် (၁၅) နှစ်မှ (၅၀) နှစ်အတွင်းရှိ မသင်္ကာဖွယ်ရာအမျိုးသား (၂၇၅) ဦးအား တွေ့ရှိခဲ့သဖြင့် ကျေးရွာစာသင်ကျောင်းတွင် ခေတ္တထိန်းသိမ်းထားရှိပြီး တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပြီး မေလ (၂) နေ့အထိ ကျေးရွာ စာသင်ကျောင်းတွင် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေစဉ် အစိုးရတပ်မတော်၏ ပစ်ခတ်မှုကြောင့် ကျောက်တန်းကျေးရွာသား (၇) နှင့် ကူတောင် ရွာသာ တစ်ဦး သေဆုံးခဲ့ရှိရသည်။

သေဆုံးသွားသူများမှာ ဦးသံခဲအောင် (ဘ)ဦး ဦးရွှေသာ၊ ဦး ဇော်လတ် (ဘ) ဦးညိုပု၊ ဦးမောင်သန်းဦး ( မိ) ဒေါ်သိန်းနုခင်၊ ဦးခမွီးချေ(ဘ) ဦးထွန်းချေ ဦးအောင်လင်းဇော်၊ ဦးထွန်းရွှေဝင်း (ဘ) ဦး မောင်ထွန်းဖြူ၊ ဦးမောင် ဝင်း တို့နှင့် ကူတောင်ကျေးရွာမှ အမည်မသိ တစ်ဦးတို့ဖြစ်ကြသည်။

မြန်မာ့တပ်မတော်မှ ကျောင်းတန်းကျေးရွာအား လူဝင်/ လူထွက် မရှိနိုင်အောင် ပိတ်ဆို့ထားကြောင်းသိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)