မာရဝတီကျေးရွာမှ လူငယ် (၂) ဦးဖမ်းဆီးခံရ

ဧပြီ (၂၂)ရက်၊ ၂၀၁၉ ခုနှစ်

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ မောရဝတီကျေးရွာသား (၂)ဦးအား ဧပြီ (၂၁)ရက်နေ့ ညနေ (၉)နာရီအချိန်ခန့်တွင် မောရဝတီ တပ်ရင်းသို့ ခေါ် ဆောင်သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီလ(၂၁)ရက်နေ့ ည (၇) နာရီ (၄၅) မိနစ်ခန့်တွင် မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီးကျေးရွာအနီး မိုင်း (၂) လုံး ပေါက်ကွဲခဲ့ရာ ၎င်းမိုင်းပေါက်ကွဲမှုဖြင့် ကိုင်းကြီးကျေးရွာ အနီးရှိသော မောရဝတီကျေးရွာသားများအား စစ်တပ်က ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစစ်ဆေး ပြီးနောက် လူငယ်(၂) ဦးအား မောရဝတီ တပ်ရင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။

၎င်းလူငယ် (၂) ဦးမှာ မောရဝတီကျေးရွာမှ နေကျော်လင်း (၁၈)နှစ် (ဘ) ဦးရဲထွန်း နှင့် မောင်ကျော်သိန်း(၂၄) နှစ် (ဘ) ဦးထွန်းလှဦး တို့ဖြစ်ကြ သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)