ကျောက်တ်ာမြို့နယ်တွင် လူငယ်တစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

မေလ(၂၅)ရက်၊ ၂၀၁၉ ခုနှစ်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူးကျေးရွာတွင် မေလ(၂၄) ရက်နေ့ နံနက်ပိုင်းတွင် မိုင်းနင်းမိသောကြောင့် ဒဏ်ရာရှိခဲ့သည်။

ဒဏ်ရာရရှိသူမှာ ဦးကျော်သိန်းမောင်၏သား မောင်ကျော်နိုင်စိုး အသက်(၁၈)နှစ် ဖြစ်ပြီး ၎င်းမှာ ကျေးရွာအနီးတောစပ်နားသို့ ဟင်းရှာရန်သွာစဉ် တောစပ်တွင် မိုင်းနင်းမိသဖြင့် မောင်ကျော်နိုင်စိုးမှာ ခြေထောက်၊ လက်၊ မျက်နှာများတွင် ဒဏ်ရာရရှိသွားပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)