မြောက်ဦးမြို့နယ်တွင် မသန်စွမ်းသူနှစ်ဦးဖမ်းဆီးခံရ

မေလ(၂၅)ရက်၊ ၂၀၁၉ ခုနှစ်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ပုန်းအောင်းနေသူ မသန်မစွမ်း (၂)ဦးကို မေလ (၂၂) ရက်နေ့ တွင် ဖမ်းဆီခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသူများမှာ အောင်ကျော်နိုင် (၂၈) နှစ် နှင့် စိုးစိုးအောင် (၃၄) နှစ် တို့ဖြစ်ကြသည်။

အဆိုပါနှစ်ဦးမှာ ကျန်းမာရေး ချို့ယွင်းနေတဲ့သူတွေဖြစ်ပြီး စိုးစိုးအောင်ဆိုသူမှာ ခြေထောက်မသန်မစွမ်းဖြစ်နေပြီး အောင်ကျော်နိုင်ဖြစ်သူမှာ စိတ်ဖောက်ပြန်ပြီး ရူးနေတဲ့သူတစ်ယောက်ဖြစ်နေသူဖြစ်ပြီး ၎င်းမှာ စိတ်ဖောက်ပြန်နေသဖြင့် စစ်တွေ စိန်ခြည်ဆေးခန်း တွင်ပြနေပြီ မေလ (၂၁) ရက်န့ တွင် စစ်တွေမှပြန်ရောက်လာပြီး (၂၂) ရက်နေ့ နံနက်(၉) နာရီကျော် အချိန်တွင် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသဖြင့် ၎င်းတို့နှစ်ဦးမှာ ကြောက်စိတ်ဖြင့် ပုန်းခိုနေစဉ် စစ်တပ်၏ စစ်ကြောင်းမှ တွေ့ရှိသဖြင့်ဖမ်းဆီးခေါ်ဆောင်းခဲ့သည်။

ဖမ်းဆီးခံရသူနှစ်အား မြောက်ဦး ရဲစခန်းတွင်ထိမ်းသိမ်းထားကြောင်းသိရပြီး ၎င်းတို့၏မိသားစုဝင်များမှာ တွေဆုံရန် သွားရောက်ခဲ့ဘယ်မဲ့ တွေ့ဆုံနိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသာနှင့် လူငယ်များအစည်းအရုံး (AASYC)