မြန်မာအစိုးရတပ်မှ အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်သဖြင့် အမ်းတွင် အရပ်သားများ စစ်ဘေးရှောင်နေရ


ရခိုင်ပြည်၊ အမ်းမြို့နယ် ကဇုကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာအနီးတဝိုက်တွင် မြန်မာအစိုးရတပ်မှ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီး လက်နက်ငယ်များနေ့စဉ် ပစ်ခတ်နေခြင်းတို့ကြောင့် ၎င်းကျေးရွာမှ အိမ်ထောင်စု (၁၁၁) မှ ကျား (၂၂၈) ဦး၊ မ (၂၁၁) ဦး စုစုပေါင်း အရပ်သားပြည်သူ (၄၃၉) ဦး ထွက်ပြေး တိမ်းရှောင်နေကြရသည်။
လက်ရှိတွင် ထိုစစ်ဘေးရှောင် ဒုက္ခသည်များမှာ အမ်းမြို့ အမှတ် (၅) ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားကွင်း၌ ခိုလုံလျက်ရှိသည်။
စစ်ဘေးဒုက္ခသည်များမှာ ရခိုင်နှင့် ချင်းများ ဖြစ်ကြသည်။
ပြည်တွင်းမှ သတင်းပေးပို့သည့် တာဝန်သိပြည်သူများအား AASYC မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)