ရခိုင့်သယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ (စစ်တွေ-ကျောက်ဖြူ) ၏ (၂) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ AASYC မှ တင်သွင်းသောစာတမ်း

ရခိုင့်သယံဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်ဆိုင်ရာ လူထုချီတက်ပွဲ (စစ်တွေ-ကျောက်ဖြူ) ၏ (၂) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားသို့ AASYC မှ တင်သွင်းသောစာတမ်း
———————————–
ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်

ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ယက် (ANREN) မှ ကျင်းပပြုလုပ်သော သယံ ဇာတ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့် ရရှိရေးအတွက် လူထုချီတက်ပွဲ၏ (၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ မိမိတို့ ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် ပါဝင်တက် ရောက်ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း ဦးစွာပထမပြောကြားလိုပါ သည် ။ကျွန်တော်ကတော့ ရခိုင်ပြည် လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) ၏ စစ်တွေခရိုင် တာဝန်ခံ ကျော်မင်းသန်း ဖြစ်ပါသည်။ ကျွန်တော်တို့ (AASYC) ၏ ရခိုင်ပြည် သဘာဝသယံ ဇာတနှင့် ပတ်သက်သည့် မူဝါဒသဘော ထားများကို အဖွဲ့အစည်းကိုယ်စားတင်ပြသွားမှာဖြစ် ပါသည်။ ထိုသို့မတင်ပြမှီ မိမိတို့ အဖွဲ့အစည်း ပေါ်ပေါက်လာပုံသ မိုင်းအကျဉ်းနှင့် လက်ရှိ လှုပ်ရှားဆောင်ရွက်နေမှု များအား အကျဉ်းချုပ်မိတ်ဆက်သွားမည် ဖြစ်ပါသည်။

မိမိတို့အဖွဲ့အစည်းအား ၁၉၈၈ ခုနှစ်၊ ဗမာပြည် ဒီမိုကရေစီ အရေးတော်ပုံနောက် ပိုင်း နယ်စပ်ဒေသများ၌ ပေါ် ပေါက်လာသော ရခိုင်ကျောင်းသား လူငယ်အဖွဲ့များ ကို စုစည်းပြီး ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၆)ရက် နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအချိန်မှစတင်ပြီး ယနေ့အချိန်ထိ မပြီးပြတ် သေးသော ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသားရေး တာဝန်များကို ဘဝတူအဖိနှိပ်ခံ တိုင်း ရင်းသားညီနောင်များနှင့် လက်တွဲတိုက်ပွဲ ဝင်နေလျက်ရှိပါသည်။

မိမိတို့၏ မျှော်မှန်းချက်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် လူမှုရေးဆိုင်ရာ တရားမျှတမှုများ ရှိစေရန်အတွက် အခွင့်အရေးနှင့် အခွင့်အလမ်းများအား ပြည်သူတစ်ဦးချင်းစီ အမျိုးသားတရပ်စီအား အပ်နှင်းထားသော စစ် မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးဖြစ်သည်။

ထိုမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အောက်ပါရည်မှန်းချက်တာဝန်များကိုထမ်း ဆောင်လျှက်ရှိသည်။

၁။ အောက်ခြေလူထုအဆင့်တွင် ပညာပေးအစီအစဉ်များ၊ စွမ်းရည်မြင့် တင်ရေးအစီအစဉ်များ ပြုလုပ်ကာ မြန်မာနိုင်ငံ (ဗမာပြည်)ရှိ နိုင်ငံရေး၊ လူမှု-စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများအား အသွင် သဏ္ဍာန်နှင့်အရင်းခံ အပြောင်းအလဲများ ပြုလုပ်ရာတွင် ပြည်သူလူထုအနေဖြင့် တက်ကြွစွာ၊ အသိအမြင် ကြွယ်ဝစွာနှင့်အဓိပ္ပါယ်ရှိစွာ ပါဝင်လာနိုင်စေရန် လှုံ့ဆော်တိုက်တွန်းသွားမည်။

၂။ မြန်မာနိုင်ငံ (ဗမာပြည်)ရှိ လက်ရှိနိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းနှင့် လူမှု-စီးပွါးရေး နှေးကွေး ထိုင်း မှိုင်း နေမှုများကြောင့် ကမ္ဘာ့လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆိုးကျိုးသက် ရောက်မှုများအပေါ် မီးမောင်း ထိုးပြကာ နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အပြုသဘောဆောင်သော အရေးယူဆောင် ရွက်မှုများ ရရှိလာ အောင်လှုံ့ဆော်စည်းရုံးသွားမည်။

၃။ မိမိတို့၏အခွင့်အရေးများကို မိမိတို့ကိုယ်တိုင် သိရှိနားလည်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်း ရေးနှင့်နိုင်ငံ တည်ဆောက်ရေးဖြစ် စဉ်များတွင် တက်တက်ကြွကြွ တာဝန် ထမ်းဆောင်နိုင်မည့် နိုင်ငံရေး ခေါင်း ဆောင် မျိုးဆက်သစ်တရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်သွားမည်။

AASYC ၏ ဦးတည်ချက် (၇) ရပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ရခိုင်ကျောင်းသားနှင့်လူငယ်များ ဗလ (၅) တန်ဖွံဖြိုးရေး။
၂။ ရခိုင့်ဂေဟစနစ်နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး။
၃။ ရခိုင်တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေး။
၎။ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး။
၅။ အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးလွတ်မြောက်ရေး။
၆။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး။
၇။ ရခိုင်တစ်မျိုးသားလုံး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)သည် မြန်မာနိုင်ငံကျောင်းသားလူ ငယ်များ ကွန်ဂရက်(SYCB)၊ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် – မြန်မာနိုင်ငံ(ND-Burma)၊ တိုင်းရင်းသား လူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် (ECDF) ၊ မြန်မာနိုင်ငံဌာနေ တိုင်းရင်းသားများကွန်ရက် (IPEN) တို့၏ အဖွဲ့ ၀င်အဖွဲ့အစည်း တစ်ခုအဖြစ်ရပ်တည်ကာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအခွင့် အရေး သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်အခွင့်အအရေးများအတွက် လက်တွဲလုပ်ဆောင်လျှက်ရှိ သည်။

ရခိုင်ပြည်မှ သဘာဝသယံဇာတများကို မြန်မာအစိုးရက မတရားထုတ်ယူ သုံးစွဲနေမှုအား ကာကွယ်ကန့် ကွက်ရန်အတွက် ၂၀၀၄ ခုနှစ်တွင် Shwe Gas Movement (ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှု) နှင့် ၂၀၀၉ ခုနှစ်တွင် ရခိုင်မြစ်ချောင်းများကွန်ရက် (ARN) တိုကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရခိုင်ပြည်အမျိုးသား ကောင်းစီ (ANC) မှတဆင့် အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်ခွင့်ရရှိရေးအတွက် လိုအပ်သည့် မူဝါဒဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ တွင် ပါဝင်ဆောင်ရွက်လျှက်ရှိပါသည်။

လက်ရှိအချိန်တွင် မိမိတို့ AASYC အနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ထိုင်း-မြန်မာနယ်စပ်၌ ရခိုင်ပြည်အမျိုး သားကောင်စီ (ANC)မှ ကမကထပြု၍ ကျင်းပခဲ့သော ရခိုင်အမျိုးသားအဆင့်မူဝါဒရေးရာ နှီးနှောဖလှယ်ပွဲ (ANSCM) ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် မြေယာ၊ သယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံ မူဝါဒ များကိုစွဲကိုင်ထားပါသည်။ အဆိုပါ မူဝါဒများသည်လည်း ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ယက် (ANREN) အပါအဝင်အခြားသော ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရခိုင့် တော်လှန်ရေး အင်အားစုများမှ ပူးပေါင်းရေးဆွဲခဲ့သည့် အခြေခံမူများပင်ဖြစ်သည်။ ဤ မူဝါဒသည် ရခိုင်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေး၊ လူမှုစီးပွါးရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်အစရှိသည့် အဖွဲ့အစည်းအားလုံးနီးပါး၏ သဘောထားအမြင်များကို စုစည်းထားခြင်းဖြစ် ပါသည်။ ပြီးပြည့်စုံသည့် မူချောအဆင့် သို့ရောက်ပြီဟုမဆိုနှိုင်သေးသော် လည်း ပြည်သူ့ဆန္ဒသည် မိမိတို့ ၏ ဆန္ဒပင်ဖြစ်သည် ဆိုသည့် သဘောထားဖြင့် ရခိုင်ပြည်သူတရပ်လုံး၏ လိုလားတောင်းဆိုချက်များ အပြည့်အဝရရှိသည်အထိ လူထုနှင့်လက်တွဲ၍ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဤမူဝါဒများရေးဆွဲရာတွင် တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြသည့် အဖွဲ့အစည်းများ အားလုံးလည်း မိမိတို့နှင့် ထပ်တူရပ်တည်ကြလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။ ပထမအကြိမ်မူဝါဒရေးဆွဲရာတွင် အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့်ရှိပါကလည်း ဝေဖန်အကြံပြုချက်များ ပေးနိုင်ပါသည်။ ဤလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင် လိုသူများအားလည်း ဝမ်းပန်းတသာ ကြိုဆိုပါသည်။

အဆိုပါမူဝါဒနှင့် အကြံပြုချက်များအား ပူးတွဲပါအတိုင်းတင်ပြအပ်ပါသည်။

မြေယာ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအကြံပြုချက်များ

အခြေခံမူများ (Principles)
———————-
၁။ မြေယာနှင့် ပတ်သက်သော မူဝါဒများ၊ ဥပဒေများရေးဆွဲရာတွင် ဒေသခံဌာနေတိုင်းရင်းသားများ၊ ရိုးရာ ဓလေ့ထုံးတမ်း များကိုအခြေခံပြီး ဖက်ဒရယ်ကျင့်သုံးနိုင်ငံများ၏ နိုင်ငံတကာစံချိန်စံနှုန်းများနှုန်းများနှင့် အညီ ရေးဆွဲရမည်။

၂။ (က) ရခိုင်ပြည်ရှိသဘာဝ သယံဇာတ များကိုရခိုင်ပြည်သူလူထုမှပိုင်ဆိုင်သည်။
(ခ) ရခိုင့်သဘာဝ သယံဇာတအရင်းအမြစ်များမှ ရရှိသောဘဏ္ဍာငွေများနှင့် အခွန်အခများကို ရခိုင်ပြည် အစိုးရမှပြည်ထောင်စုအစိုးရသို့ ခွဲဝေပေးသော စနစ်ကိုကျင့်သုံးရမည်။

၃။ ရခိုင့်သယံဇာတများကိုစီမံခန့်ခွဲရာတွင် ရခိုင်ပြည်အစိုးရမှ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရရှိရမည်။

၎။ ရခိုင်ပြည်အစိုးရသည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဥပဒေနှင့် သစ်တောဥပဒေများကို ထုတ်ပြန် ပြဌာန်းရမည်။

၅။ သယံဇာတစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဌာနေတိုင်းရင်းသားတို့၏ အခွင့် အရေးများကို လေးစားလိုက်နာရမည်။ ဌာနေတိုင်းရင်းသားများ၏ သဘောတူညီမှုများကို ရယူရမည်ဖြစ် သည်။

အကြံပြုချက်များ (Recommendations)
——————————

၁။ သိမ်းဆည်းခံလယ်ယာမြေအား ပြန်လည်ပေးအပ်ရာတွင် လယ်ယာမြေဥပဒေ/နည်းဥပဒေအရစနစ် တကျ ပြန်လည်ပေးအပ်ရန်လိုအပ်သည်။

၂။ တောင်သူ၊လယ်သမားများ အတွက်အာမခံချက်ရှိသည့် မြေယာဥပဒေတရပ်ကို တောင်သူကိုယ်စားပြု များနှင့်ရေးဆွဲရန် ။

၃။ ရခိုင်ပြည်နယ်အတွင်းရှိ ဥပဒေအထောက်အကူပြုအဖွဲ့များမှ လယ်ယာမြေဥပဒေ တောင်သူလယ် သမားများ သိရှိရန်အတွက် ဥပဒေအသိပညာပေး သင်တန်းများ၊ ဟောပြောပွဲများပြုလုပ်ရန်။

၎။ တောင်သူလယ်သမားများကို အကာအကွယ်နှင့် အာမခံချက်ပေးနိုင်သည့် ဥပဒေတရပ်ပြဌာန်း နိုင်ရန်အတွက် ရခိုင်ပြည် မြေယာမှုဝါဒ တရပ် ရေးဆွဲရန်လိုအပ်သည်။

၅။ မူဝါဒနှင့် ဥပဒေရေးဆွဲရာတွင် တောင်သူ လယ်သမားများမှ ပါဝင်ရေးဆွဲခွင့်ရှိရမည်။
၆။ ရခိုင့်သယံဇာတကို ရခိုင်ပြည်သူလူထုမှ ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသော ဥပေဒေတရပ်ပြ ဋ္ဌာန်းရမည်။

၇။ စစ်မှန်သောဖက်ဒရယ်စနစ်အရဖြစ်တည်လာသော ပြည်နယ်အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝရှိရမည်။

၈။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒများအားပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပညာ ရှင်များ ပူးပေါင်းပါဝင်ရေးဆွဲရမည်။

၉။ ရှင်းနှီးမြှုပ်နှီမှုဆိုင်ရာမူဝါဒ ဥပဒေနည်းဥပဒေများရေးဆွဲရာတွင် ဒေသခံပြည်သူလူထုနှင့် အရပ်ဖက်အဖွဲ့ အစည်းများ၊ ပညာရှင်များ ပါဝင်ခွင့်ရှိရမည်။

၁၀။ ရခိုင်ပြည်သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတရပ်ပေါ်ထွန်းလာနိုင်ရန်လိုအပ်သည်။

၁၁။ အစုအဖွဲ့ပိုင်သစ်တောများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရခိုင်ပြည်အစိုးရမှ မူဝါဒတရပ်ချမှတ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ရမည်။

၁၃။ သဘာဝဘေး အန္တရာယ်ကျရောက်လာပါကအရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး များ ပြုလုပ်နိုင်ရန်အတွက် မူဝါဒတရပ် ချမှတ်၍အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
၁၅။ တောင်သူ၊လယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေတရပ်ကို ရခိုင်ပြည်လွှတ်တော်မှ ရေးဆွဲသင့်သည်။

အောက်ပါ linkတွင် စာတမ်းကို ရယူနိုင်ပါသည်။