အခြေခံအင်္ဂလိပ်စာသင်တန်း (၁/၂၀၁၈) ကို AASYC ဗဟိုဌာနချုပ်ရုံး၌ ပြုလုပ်

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) စွမ်းရည်မြှင့်တင်ရေး အစီအစဉ်အဖြစ် အခြေခံအင်္ဂလိပ်စာသင်တန်း (၁/၂၀၁၈) ကို (၂၀၁၈) ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့မှစတင်၍ AASYC ဗဟိုဌာနချုပ်ရုံး၌ ပြုလုပ်လျှက်ရှိသည်။

– သင်တန်းချိန်မှာ တနင်္လာ-စနေ ညနေ (၈-၁၀) နာရီဖြစ်သည်။
– အခြေခံ အင်္ဂလိပ်စာသင်တန်း ပထမပိုင်းကို (၃) လခန့် ပြုလုပ်မည်ဖြစ်ပြီး ဝါစင်္ဂ (၈) မျိုးနှင့် ဝါကျတည်ဆောက်ပုံ အမျိုးမျိုးကို ကြေညက်အောင် ဦးစားပေးသင်ကြားသွားမည်ဖြစ်သည်။

– အပိုင်း (၂) တွင် အဖတ်စွမ်းရည်၊ ဘာသာပြန်စွမ်းရည်နှင့် စကားပြောစွမ်းရည်ကို ဦးစားပေးသင်ကြားသွားမည်။
– အပိုင်း (၃) တွင် နားထောင်မှုစွမ်းရည်ကို ဦးစားပေးသင်ကြားပြီး ရေး၊ ဖတ်၊ ပြော စွမ်းရည်များ တိုးတက်ရေးကို လေ့ကျင့်သွားမည်။
– အပိုင်း (၄) တွင် Essay, Letter ရေးသားနည်းကို သင်ကြားသွားမည်။

ဓာတ်ပုံ။၊ သင်တန်းသူ သင်တန်းသားများ ယနေ့ အုပ်စုအလိုက် လေ့လာနေကြစဉ်