ရသေ့တောင်တွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများ လူနေအိမ်သို့ကျ၍ အရပ်သား (၅) ဦး ထိခိုက်ဒဏ်ရာရ

Image may contain: one or more people

၂၀၂၀၊ သြဂတ်(စ်) ၂၄ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု ကျောက်ရံသာစည်ကျေးရွာရှိ ဦးကျော်အေး၏ နေအိပ်သို့ (၂၂.၀၈.၂၀) ရက်နေ့ (၂၀:၀၀) နာရီ ခန့်တွင် မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၂) လုံးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် (၂) နှစ်အရွယ်ကလေးငယ် (၁) ဦးအပါအဝင် (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ

၁။ ဒေါ်အေးသန်းနု၊ အသက် (၄၃)နှစ်) (ဘ) ဦးအောင်သိန်းစိုး

၂။ မမြတ်လဲသူ၊ အသက် (၂) နှစ် ၊ ဦးကျော်အေးနှင့် ဒေါ်အေးသန်းနုတို့၏ သမီး

၃။ ဦးကျော်အေး၊ အသက် (၄၅) နှစ်၊ ဒေါ်အေးသန်းနု၏ ခင်ပွန်း

၎။ ဦးထွန်းတင်၊ အသက် (၃၇) နှစ်၊ (ဘ) ဦးမောင်သန်းနု

၅။ မလုံးပပ၊ အသက် (၁၆) နှစ် (ဘ) ဦးအေးစိန်မောင်တို့ဖြစ်သည်။

Image may contain: one or more people and indoor, text that says 'Photo: AASYC'Image may contain: 2 people, people sitting

ဒဏ်ရာရှိသူခဲ့သူ (၅) ဦးအထဲမှ ဒေါ်အေးသန်းနုသည် ဦးခေါင်းနောက်စေ့သို့ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သော်လည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အတွက်ကြောင့် ချက်ချင်း ဆေးရုံသို့ ပို့ဆောင်ရန် အခက်အခဲ့ရှိသဖြင့် နောက်တနေ့ (၂၃.၀၈.၂၀) ရက်နေ့ (၀၆:၀၀) နာရီခန့်တွင် ရသေ့တောင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

အခင်းဖြစ်ပွါးသည့်နေ့တွင် ၎င်းဒေသအနီး၌ ULA/AA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ကျေးရွာအနောက်ဘက်ရှိ မြန်မာ့တပ်မတော်တပ်စွဲထားသည့် တောင်ပေါ်မှ ပစ်ခတ်ခဲ့ကြောင်းဖြစ်သည်။

Image may contain: one or more people and closeup, text that says 'Photo: AASYC'Image may contain: 1 person, sitting, eating, baby and child

ဓာတ်ပုံ။ လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိသည့်လူနာများအား ရသေ့တောင်မြို့နယ် ဆေးရုံ၌ တွေ့ရစဉ်

ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဌာန
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)