ကျောက်တော်တွင် အစိုးရစစ်တပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် အရပ်သား အချို့ သေဆုံး အလောင်းဖျောက်ခံရ

April 21, 2020 AASYC 0

(၁၆.၀၄.၂၀၂၀) ရက်နေ့တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့ အဝေးပြေးကားဂိတ်နားသို့ မြန်မာ အစိုးရစစ်တပ် ရောက်ရှိချိန်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မြန်မာအစိုးရစစ်တပ်မှ ရမ်းသမ်းပစ်ခတ်စဉ် ပိုက်သည်ရပ်ကွက်ရှိ နေအိမ်အချို့တွင် ကျည်ထိမှန်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့ (၅၅၀) တပ်ရင်းမှ (၁၂၀) မမ စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်၍ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးဒဏ်ရာရ

April 21, 2020 AASYC 0

(၁၃.၀၄.၂၀) ရက်နေ့ (၀၈း၂၀) နာရီခန့်တွင် ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀) တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် (၃) လုံးသည် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂူဝဘုရားအနီးရှိ ကျောက်ဆိပ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ အပြစ်မဲ့ ကျေးရွာသား (၈) ဦး သေဆုံးပြီး၊ (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်။

ပုဏ္ဏားကျွန်း အခြေစိုက် ခမရ (၅၅၀) မှ ကျူးလွန်သော စစ်ရာဇဝတ်မှု

April 21, 2020 AASYC 0

(၀၃.၀၄.၂၀) ရက်နေ့ (၀၇း၂၀) နာရီခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် အခြေစိုက် ခမရ (၅၅၀) မှ ပစ်ခတ်သော လက်နက်ကြီးကျည် အစထိမှန်၍ လက်ဝဲစာတိုက်ကျေးရွာနေ ဦးစိုးနိုင်ဝင်း (ဘ) ဦးမောင်ဆန်းခင်တွင် ဘယ်ဖက် ပုခုံးအောက်၌ ဒဏ်ရာရရှိခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအနီး တိုက်ပွဲတွင်း မြန်မာအစိုးရစစ်တပ်မှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ

April 21, 2020 AASYC 0

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာအနီးတွင် (၀၃.၀၄.၂၀) ရက်နေ့ နံနက်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော်နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း သာစည်ရွာရှိ ဒေသခံများမှ တဆင့် သိရသည်။

ဖြစ်စဉ်မှာ မြန်မာအစိုးရစစ်တပ် ယာဉ်တန်းတခုသည် သာစည်ကျေးရွာ တံတားအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသဖြင့် ပြန်လည်ပစ်ခတ်ရာ နှစ်ဖက်ပစ်ခတ်မှုများကြောင့် ကျေးရွာ အတွင်းနေထိုင်သူများမှာလည်း ပုဏ္ဏားကျွန်းမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်။

မြန်မာအစိုးရစစ်တပ်မှ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများအား နိုင်ငံတကာသို့ တင်ပြနိုင်ရန်နှင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသွားနိုင်ရန် သတင်းအချက်အလက် စုဆောင်းရာတွင် ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းချက်

April 21, 2020 AASYC 0

(၃၁.၀၃.၂၀) ရက်နေ့၊ ညနေတွင် ကျောက်တော်မြို့ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာသို့ မြန်မာအစိုးရစစ်တပ်မှ စစ်သည်အင်အား (၁၅၀) ခန့် ရောက်ရှိလာပြီး (၀၁.၀၄.၂၀) ရက်နေ့၊ နံနက် (၁၀) နာရီတွင် ထိုကျေးရွာမှ သတင်းပေါက်ကြားမှု ရှိသည်ဟုဆိုကာ ရွာကိုဝိုင်း၍ ရွာသားများအား စစ်ဆေးမေးမြန်းလျက် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် အပြစ်မဲ့ ရွာသူရွာသား (၆) ဦးအား ပစ်သတ်လိုက်ကြောင်းသိရသည်။

The Burma Army Must Immediately Halt Fighting & Adhere to A Global Ceasefire in Response to COVID-19

April 10, 2020 AASYC 0

10 April 2020: The Network for Human Rights Documentation Burma (ND-Burma) is concerned that the Burma Army is using their response to COVID-19 to justify its authority and presence in conflict affected ethnic areas, where they are largely responsible for fuelling conflict and exacerbating tensions between ethnic armed organizations (EAOs). ND-Burma condemns any emergency relief effort that puts the needs of the military before the people of the country.

1 3 4 5 6 7 17