လူငယ်များ အခမဲ့သင်ကြားနိုင်ရန် AASYC မှ ကွန်ပျူတာများ လှူဒါန်း


ရခိုင်လူငယ်များ အဆင့်မြင့်ပညာသင်ကြားရေးတွင် အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Laptop ကွန်ပျူတာ (၈) လုံးကို ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ဒေသန္တရ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ (စစ်တွေ) သို့ လှူဒါန်းခဲ့သည်။
အဆိုပါ ကွန်ပျူတာများအား လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို (၀၂.၀၄.၂၀) ရက်နေ့တွင် စစ်တွေမြို့၌ ပြုလုပ်ခဲ့သည်။