ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ အခြေခံပြည်သူများ သက်မွေးပညာ အခမဲ့သင်ကြားနိုင်ရန် အပ်ချုပ်စက်နှင့် ဓားစက်များလှူဒါန်း

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကျောက်တော်မြို့ နယ်ရှိ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန် ရည်ရွယ်၍ အပ်ချုပ်စက် (၈) လုံးနှင့် ဓားစက် (၁) လုံး ကို ကျောက်တော်မြို့ ရှိ ဒေသန္တရ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ လှူဒါန်းခဲ့သည်။

အဆိုပါအပ်ချုပ်စက်များအားလွှဲပြောင်းလက်ခံပွဲ အခမ်းအနားကို မတ်လ (၂၆) ရက်နေ့တွင် ကျောက်တော်မြို့၌ ပြုလုပ်ခဲ့သည်။

ဒေသန္တရ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဦးစီး၍ ရက္ခရင်သွီးဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ကမကထ ပြုကာ ကျောက်တော်မြို့နယ်ရှိ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်စေရန် အခမဲ့စက်ချုပ်သင်တန်း အပတ်စဉ် (၁/၂၀၂၀) ကို ဧပြီလ (၁) ရက်နေ့ တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်သဖြင့် စိတ်ဝင်စားသူမည်သူမဆို လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။