အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းမှုအား ကြိုဆိုကြောင်း ထုတ်ပြန်ကြေငြာချက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းမုအား ကြိုဆိုကြောင်း

ထုတ်ပြန်ကြေငြာချက်

နေ့စွဲ – ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၉) ရက်။
အမှတ် – ရ၊က၊လ၊စ/ဗဟို/ထုတ်ပြန်/၀၂/၂၀၂၁။

၁။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား ဖွဲ့စည်းလိုက် ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ကြေငြာခဲ့ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စုဖွဲ့မှု၊ ကိုယ်စားပြုမှု၊ လမ်းစဉ်၊ လုပ်ငန်းစဉ် ဆိုင်ရာများနှင့် ပတ်သက်၍ မတူကွဲပြားသော အုပ်စုများကြား ပြန်လည်သုံးသပ်စရာများ ရှိကောင်းရှိနေနိုင်သော်လည်း ယနေ့အချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် (၂၀၀၈) ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မရှိမဖြစ်လိုအပ်နေသည့် ကြားကာလအစိုးရတရပ်အဖြစ် မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ အသိအမှတ်ပြု ပါသည်။

၃။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့်လည်း အမျိုးသား တန်းတူရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

Welcoming Statement on the Formation of the National Unity Government (NUG)

Date: April 19, 2021

Reg. No: AASYC/GHQ/Release/02/2021

  1. On April 16, 2021 the Committee Representing Pyidaungsu Hluttaw (CRPH) announced the formation of the National Unity Government (NUG).
  2. Although there might be the requirement to review the structure, representation, political line, and programs of the National Unity Government (NUG) among the diverse groups, we, All Arakan Students’ and Youths’ Congress (AASYC), acknowledge the NUG as an interim government essential today for the abolition of the (2008) Constitution; the elimination of imperialism, chauvinism, and dictatorship; and the establishment of a federal democratic union.
  3. For the sake of national equality, self-determination, democracy, human rights, rule of law, peace and development, it is declared that we, All Arakan Students’ and Youths’ Congress (AASYC), will coordinate and cooperate with the National Unity Government (NUG) as required.

Central Executive Committee

All Arakan Students’ and Youths’ Congress (AASYC)

Download Burmese Version

Download English Version