မြန်မာ့တပ်မတော်မှ နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူခြင်းအပေါ် ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်မှုများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

February 10, 2021 AASYC 0

၁။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သန္ဓေတည်စေခဲ့သည့် ဗမာစစ်အုပ်စု၏ လမ်းပြမြေပုံ (၇) ဆင့်အား အဆင့်တိုင်းတွင် ဆန့်ကျင်တိုက်ဖျက်ခဲ့သည်။ ထို့အပြင် (၂၀၀၈) ဖွဲ့စည်းပုံနှင့် စင်ပြိုင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ နှင့် ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲရေးဖြစ်စဉ်များတွင်လည်း တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သည်။ ထိုလှုပ်ရှားမှုများမှမှ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းကို အတည်ပြုနိုင်ခဲ့သည့် အဆင့်ထိ ရောက်ရှိခဲ့သည်။ ဗမာစစ်အုပ်စု၏ (၂၀၀၈) ဖွဲ့စည်းပုံအတည်ပြုရေး ဖြစ်စဉ်တွင် နောက်ဆုံးအဆင့်ဖြစ်သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကိုလည်း သမိုင်းဝင် “Vote No Campaign” လှုပ်ရှားမှုဖြင့် တိုက်ပွဲဝင်ခဲ့သည်။ ထိုမျှမက (၉၀) ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် (၂၀၀၈) ဖွဲ့စည်းပုံအောက်သို့ဝင်လျှင် (၀ါ) ရွှေဂုံတိုင်ကြေငြာချက်မှ နောက်တလှမ်းဆုတ်၍ ရပ်တည်လျှင် ခေတ်အဆက်ဆက် ဒီမိုကရေစီတော်လှန်ရေးများတွင် ပေးဆပ်စွန့်လွှတ်ခဲ့ကြသူများအား သစ္စာဖောက်ရာရောက်ကြောင်းလည်း သတိပေးခဲ့ သည်။

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင် နာယကကြီး ဦးခိုင်စိုး ကွယ်လွန်အနိစ္စရောက်ခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာ

September 24, 2020 AASYC 0

နေ့စွဲ – ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ၏ ဂုဏ်ထူးဆောင်နာယက၊ ရခိုင့်ဝါရင့်တော်လှန် ရေးသမားကြီး ရခိုင်အမျိုးသားအဆင့် မူဝါဒရေးရာညှိနှိုင်းရေးဆွဲရေးအဖွဲ့ (ANPCC) ၏ မူဝါဒရေးရာပဲ့ကိုင်ကော်မတီ ဥက္ကဋ္ဌ၊ (၁၉၈၆) ခုနှစ် ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP) ၏ မင်းပြားမြို့သိမ်းတိုက်ပွဲအား Read More

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီထံသို့ အိတ်ဖွင့်ပေးစာ

September 24, 2020 AASYC 0

နေ့စွဲ။ ။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့ သို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ၏ ကိုယ်စားလှယ်များ အကြောင်းအရာ။ ။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ဆိုးရွားစွာ ဖြစ်ပွားနေသော လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်းများမှ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီထံသို့ အိတ်ဖွင့်ပေးစာ။ ဂုဏ်သ​ရေရှိလူကြီးမင်းများရှင့်/ခင်ဗျား Read More

Artillery Shelling Kills 1, Injured 2 in Rathedaung

September 18, 2020 AASYC 0

1 killed and 2 injured in a series of artillery shelling by the Rathedaung based Burma Army’s battalion no. (538) into the Shwe Long Tin village under Rathedaung township on 17 September 2020 in the morning at around 9:30 am.

မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ လက်နက်ကြီးကျည်ထိမှန်သဖြင့် သေဆုံး၊ ဒဏ်ရာရသူများ

September 9, 2020 AASYC 0

၂၀၂၀၊ စက်တင်ဘာ (၈) ရက်၊ (၀၈.၀၉.၂၀) ရက်နေ့၊ (၀၉း၃၀) နာရီတွင် ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ ညောင်ကန်ကျေးရွာထဲသို့ အမ်းမြို့နယ်၊ ကျောက်ဆည်တောင်၌ တပ်စွဲထားသည့် အစိုးရတပ်မတော်မှ လက်ကြီးများဖြင့်ပစ်ခတ်သောကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများစာရင်းဖြစ်ပါသည်။ သေဆုံးသူအမည်စာရင်း ၁။ ဒေါ်မိုးသဇင်၊ အသက် (၂၉) နှစ်(ဘ) ဦးချမ်း၊ Read More

ကျောက်တော်မြို့နယ်မှ ကျေးရွာနှစ်ရွာမီးရှို့ခံရကာ ပစ်ခတ်မှုများကြောင့် ရွာသားအချို့ သေဆုံး

September 4, 2020 AASYC 0

၂၀၂၀၊ စက်တင်ဘာ ၄ ရက် ရခိုင်ပြည်၊ ကျာက်တော်မြို့နယ်၊ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာများအား (၀၃.၀၉.၂၀) ရက်နေ့ (၂၁:၀၀) နာရီခန့်တွင် မြန့်မာ့တပ်မတော် စစ်ကြောင်းတခုမှ ဝင်ရောက်မီးရှို့ခဲ့သောကြောင့် မူလအိမ်ခြေ (၂၄၀) ကျော်ရှိသည့် ဘုရားပေါင်းကျေးရွာတွင် အိမ်ခြေ (၁၀၀) ကျော်ခန့် မီးလောင်ပျက်စီးကာ မွှေနှောက်ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ Read More

1 2 3 4 17