နေ့စွဲ – ၂ဝ၂၄ ခုနှစ်၊ မေလ (၂၂) ရက်။
စာအမှတ် – ရကလစ/ဗဟို/ထုတ်ပြန်/၁/၂၄။
၁။ မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) အား စတင်ဖွဲ့စည်း ချိန်မှစ၍ တပ်ပေါင်းစု၏ လုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဉာဏ်စ ရှိသရွေ့ ပါဝင်ခဲ့ပါသည်။
၂။ လက်ရှိ အခြေအနေတွင် သပိတ်ကာလကို ကျော်လွန်ခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သော ကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) အနေဖြင့် သပိတ်ကော်မတီတရပ်အဖြစ် မရပ်တည်ဘဲ နိုင်ငံရေးအစုအဖွဲ့တရပ်အနေဖြင့်သာ ဆက် လက် ရပ်တည်သင့်သည်ဟု ယူဆပါသည်။
၃။ ထို့အပြင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) အနေဖြင့် တပ်ပေါင်းစုကို ကိုယ်စားပြု၍ လုပ်ကိုင်ဆောင်ရွက်မှုများတွင် မိမိတို့အဖွဲ့အစည်း၏ ဆန္ဒသဘောထားအား ထင်ဟပ်မှုနှင့် အလေးထားစဉ်းစားမှုများ (အထူး) အားနည်းလာ သဖြင့် GSC ၌ မိမိတို့၏ ပူးပေါင်းပါဝင်မှုကို ၂ဝ၂၄ ခုနှစ်၊ မေလ (၂၂) ရက်နေ့မှစတင်၍ ယာယီ ရပ်နားလိုက်ပြီဖြစ်ကြောင်း မိတ်ဘက်အင်အားစုများသို့ အသိပေးအပ်ပါသည်။
၄။ သို့ရာတွင် GSC ၏ ရည်မှန်းချက်များဖြစ်သော “စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်များ အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး” တို့သည် မိမိတို့အဖွဲ့အစည်း၏ ရည်မှန်းချက် များနှင့် အတိုင်းအတာတခုအထိ ကိုက်ညီနေဆဲဖြစ်သဖြင့် တတ်နိုင်သည့်ဘက်မှ လက်တွဲ ဝိုင်းရံသွားမည် ဖြစ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)