ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) အား ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာချက်

အမှတ် – ၁/၂၀၂၅

ရခိုင်သက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ပြာသိုလဆန်း (၅)ရက်

ခရာဇ်နှစ် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်

 

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ကို (၁၉၉၅) ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှ အောက်တိုဘာလ (၆) ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော ရခိုင်ကျောင်းသားနှင့် လူငယ်များညီလာခံမှ စတင်ဖွဲ့စည်းခဲ့သည်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) ညီလာခံကို (၁၉၉၅) ခုနှစ်တွင် (၁) ကြိမ်၊ (၂၀၀၃) ခုနှစ်တွင် (၁) ကြိမ်၊ (၂၀၀၅) ခုနှစ်တွင် (၁) ကြိမ်၊ (၂၀၀၇) ခုနှစ် တွင် (၁) ကြိမ်၊ စုစုပေါင်း (၄) ကြိမ် ကျင်းပခဲ့ပြီး အစည်းအရုံး၏ အခြေအနေအရပ်ရပ်ကြောင့် ညီလာခံကျင်းပ နိုင်ခြင်းမရှိသည်မှာ ဆယ်စုနှစ်တခုကျော်လာခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC)  ၏ သီးခြား လွတ်လပ်မှုနှင့် ရေရှည်တည်တံ့ခိုင်မာမှုတို့အတွက် စိုးရိမ်ဖွယ်ဖြစ်ရပ်များနှင့် ကြုံတွေ့နေရပါသည်။ ၎င်းအခြေအနေ အရပ်ရပ်တို့ကို ထိန်းသိမ်းနိုင်ရန်နှင့်  သီးခြားလွတ်လပ်သော စွမ်းဆောင်ရည်တို့ဖြင့် ပြည်သူလူထုကို အကျိုးပြု နိုင်စေရန်အတွက် AASYC အား လိုလားအားပေးထောက်ခံသည့် ပြည်တွင်း၊ ပြည်ပရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်း များ၏ အကြံပြုချက်နှင့် အစည်းအရုံးဝင် အဟောင်း၊ အသစ်များ၏ တောင်းဆိုချက်တို့ကြောင့် ညီလာခံကဲ့သို့ အာဏာတည်သောအစည်းအဝေး တရပ်ကို အထွေထွေအတွင်းရေးမှူးမှ ဦးဆောင်၍ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ (၂) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးမှ အတွင်းရေးမှူးအဖွဲ့(၂) ဦး၊ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် (၃) ဦးနှင့် ဗဟိုကော်မတီဝင်(၉) ဦးတို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

အစည်းအရုံးသည် ဥက္ကဦးဆောင်သည့်စနစ်ကိုမကျင့်သုံးတော့ဘဲ အတွင်းရေးမှူးအဖွဲ့မှ    ဦးဆောင်သော စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အစည်းအရုံး၏ မူလဦးတည်ချက်အတိုင်း ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

 

ဗဟိုကော်မတီ

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

 

ဆက်သွယ်ရန် –

မခင်မာထွေး

အထွေထွေအတွင်းရေးမှူး

Phone – +66 (0) 0946062178,

Signal: +959785158247

 

AASYC အား ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေငြာချက် pdf ဖိုင်အား အောက်ပါလင့်တွင် ရယူနိုင်ပါသည်။

https://aasyc.org/wp-content/uploads/2025/01/AASYC-statement-250103.pdf