ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်

အမှတ် – ၂/၂၀၂၅

ရခိုင်သက္ကရာဇ် (၁၃၈၆) ခုနှစ်၊ ပြာသိုလဆန်း (၁၂) ရက်

ခရာဇ်နှစ် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်

 

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) ကို ညီလာခံကဲ့သို့ အာဏာတည် သော အစည်းအဝေးတရပ်ကျင်းပ၍ ပြင်ဆင်ဖွဲ့စည်းကြောင်း (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး (AASYC) သည် စတင်ဖွဲ့စည်းစဉ်ကာလ ကပင် မည်သည့်အင်အားစုတခု၏ လက်အောက်ခံမဟုတ်ဘဲ သီးခြားလွတ်လပ်သော လူငယ်အစည်းအရုံးအဖြစ် ရပ်တည်လာခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် AASYC သဘာပတိဟောင်းလည်းဖြစ်၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC/AA) ၏ ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်လည်းဖြစ်သော ဗိုလ်မှူးကြီးအဆင့်ရှိ မင်းထွန်း(ခ) မင်းဇံဝေ ဦးဆောင်သော မသမာသူလူတစုမှ AASYC အား ၎င်းတို့၏ ANC/AA လက်အောက်ခံအင်အားစုအဖြစ် လက်အောက်ခံစေရန် အတင်းအကြပ် ကြိုးပမ်းလျှက်ရှိပါသည်။

ဗိုလ်မှူးကြီးအဆင့်ရှိ မင်းထွန်း(ခ) မင်းဇံဝေသည် AASYC ၏ အစည်းအရုံးပိုင်ငွေကို မောင်ပိုင်စီးလို သည့်အတွက် သူ၏နောက်လိုက်တချို့နှင့်အတူ ဂုဏ်သိက္ခာမဲ့စွာဖြင့် အစည်းအရုံးကို သော်လည်းကောင်း၊ အထွေထွေအတွင်းရေးမှူး မခင်မာထွေးကို သော်လည်းကောင်း၊ အရံသဘာပတိဟောင်း ဒေါ်မြတ်နိုးသာကို သော်လည်းကောင်း ပြည်သူလူထုများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲလုပ်ကြံဖန်တီး ရေးသားထားသောစာတစောင်အား (၀၈.၀၁.၂၀၂၅) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် လာခဲ့သည်ကို တွေ့ရှိရပါသည်။

ထို့ကြောင့် အဆိုပါမသမာသူလူတစုမှ ထုတ်ပြန်လာသည်ကို အများပြည်သူအနေဖြင့်သော်လည်း ကောင်း၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း ထင်ယောင်၊ ထင်မှားမဖြစ်ကြရန်နှင့် အစည်း အရုံး၏ အခြေအနေအရပ်ရပ်ကိုနားလည်နိုင်ရန် ထုတ်ပြန်ကြေငြာအပ်ပါသည်။

 

 

ဗဟိုကော်မတီ

ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

ဆက်သွယ်ရန်

Telegram- +66946062178

Signal- +66621034342