ရခိုင်ပြည်တွင်း လက်ရှိဖြစ်ပေါ်နေသော ကမန်ကျောင်းသားများ၏ ပညာသင်ကြားခွင့်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန် ကြေငြာချက်

June 14, 2022 AASYC 0

(၂၀၂၂ – ၂၀၂၃) ပညာသင်နှစ်အတွက် ဇွန်လ (၂) ရက်နေ့မှ စတင်၍ ရခိုင်ပြည်၌ အခြေခံပညာသင် ကျောင်းများ ဖွင့်လှစ်ကာ သင်ကြားပို့ချမှုများ စတင်နေပြီဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ သက်ကယ်ပြင် ကျေးရွာ၊ သင်္ဂနကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် နေထိုင်သော ကမန်ကျောင်းသားများအနေဖြင့် ပညာသင်ကြားရန် အခွင့်အလမ်းများအား ငြင်းပယ်ခံထားရကြောင်း ကြားသိရသည်။