ရခိုင်ကျောင်းသား (၄) ဦးအား မတရားဖမ်းဆီး ထောင်ချမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်

September 18, 2021 AASYC 0

၁။ ရခိုင်ပြည်၌ဖြစ်ပွါးခဲ့သော လက်နက်ကိုင်ပဋိပက္ခများအတွင်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်မှုရှိခဲ့သည့် အပေါ်တွင် မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် တာဝန်ယူရန် တောင်းဆိုဆန္ဒပြခဲ့ကြသော ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်) မှ ကိုကောင်းထွန်းတို့ကို (၁၉.၁၀.၂၀) ရက်နေ့ တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြု လုပ်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခဲ့ကာ (၁၁) လကြာ ဖမ်းဆီးထားခဲ့ပြီး (၁၆.၀၉.၂၁) ရက်နေ့တွင် ထောင်ဒဏ် (၂)နှစ်နှင့် (၆)လ ချမှတ်ခဲ့ခြင်းအား မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကန့်ကွက်ရှုတ်ချလိုက်သည်။